Local News

မုံရွာကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်လျှက်ရှိသော ပဲမျိုးစုံဈေးနှုန်းများ၏ ယခင်တစ်ပတ်နှင့်ယခုတစ်ပတ်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

ပဲကြီး

နိုဝင်ဘာလဒုတိယပတ် ပဲကြီးပေါက်ဈေးနှုန်းသည် ပဲကြီး တစ်တင်းလျှင် (၇၇၅၀၀-၇၉၀၀၀) ကျပ်နှုန်းဖြစ်ပြီး ယခင်တစ်ပတ်ကာလတူပေါက်ဈေး နှုန်းမှာ ပဲကြီး တစ်တင်းလျှင် (၇၈၀၀၀-၇၉၀၀၀) ကျပ်ရှိ၍ ယခုတစ်ပတ် ကာလတူပေါက်ဈေးဖြင့် နှိုင်းယှဉ်ပါက ပဲကြီး ဈေးငြိမ်နေကြောင်းသိရပါ သည်။

ပဲစဉ်းငုံ

ပဲစဉ်းငုံသီးနှံ တစ်တင်းပေါက်ဈေးနှုန်းမှာ (၅၉၀၀၀) ကျပ်နှုန်းဖြစ်ပြီး ယခင်တစ်ပတ်ကာလတူ ပေါက်ဈေးနှုန်းမှာ (၆၀၅၀၀) ကျပ်ရှိ၍   ယခုတစ်ပတ်  ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက (၁၅၀၀) ကျပ် ကျဆင်းလာကြောင်းသိရပါသည်။

မတ်ပဲ

မတ်ပဲသီးနှံ တစ်တင်းပေါက်ဈေးနှုန်းမှာ (၅၈၅၀၀) ကျပ်နှုန်းဖြစ်ပြီး ယခင်တစ်ပတ်ကာလတူ ပေါက်ဈေးနှုန်းမှာ (၅၇၀၀၀) ကျပ်ရှိ၍   ယခုတစ်ပတ်   ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက (၁၅၀၀) ကျပ် မြင့်တက်လာကြောင်းသိရပါသည်။

ပဲတီစိမ်း

ပဲတီစိမ်းပေါက်ဈေးနှုန်းများမှာ တစ်တင်းလျှင် (ကြီး)  ၄၄၀၀၀  ကျပ်၊ ပဲတီစိမ်း(သေး) တစ်တင်း (၄၁၀၀၀)ကျပ် ယခင်တစ်ပတ် ကာလတူအချိန် ပေါက်ဈေးနှုန်းမှာ ပဲတီစိမ်း(ကြီး) တစ်တင်း (၄၀၀၀၀-၄၅၀၀၀)ကျပ်၊ ပဲတီစိမ်း(သေး) တစ်တင်း (၄၀၀၀၀-၄၂၀၀၀)ကျပ်ရှိပါသည်။ ယခုတစ်ပတ် ကာလတူ ပေါက်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ပဲတီစိမ်း (ကြီး/သေး) တစ်တင်းလျှင် (၁၀၀၀)ကျပ်ခန့် ကျဆင်းကြောင်းသိရပါသည်။

ကုလားပဲ(မျိုးစုံ)

ကုလားပဲမျိုးစုံ တစ်တင်းလျှင် ကုလားပဲဖြူလုံးကြီး (၆၅၅၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး (၆၅၅၀၀)ကျပ်၊ 929  (၆၀၇၀၀) ကျပ်ပေါက်ဈေးရှိပြီး ယခင်တစ်ပတ်ကာလတူပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူလုံးကြီး (၆၄၀၀၀) ကျပ်၊ ကုလားပဲဖြူလုံးသေး(၆၄၅၀၀) ကျပ်၊ 929 တစ်တင်း လျှင် (၆၀၃၀၀) ကျပ်ပေါက်ဈေးရှိ၍ ယခုတစ်ပတ် ကာလတူပေါက်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ကုလားပဲ(မျိုးစုံ) ဈေးနှုန်းများ မြင့်တက်လာကြောင်း သိရပါ သည်။

ပြောင်းဖူးစေ့(CP)၊  ဆန်ပြောင်းဖြူ

ယခုတစ်ပတ် ပြောင်းဖူးစေ့(စီပီ) တစ်တင်း (၁၉၂၀၀) ကျပ်၊ ဆန်ပြောင်းဖြူ တစ်တင်း (၁၈၅၀၀)ကျပ် ပေါက်ဈေးရှိပြီး ယခင်တစ်ပတ် ကာလတူ အချိန်တွင် ပြောင်းဖူးစေ့(စီပီ) တစ်တင်း (၁၉၀၀၀) ကျပ်၊  ဆန်ပြောင်းဖြူ တစ်တင်း (၁၈၅၀၀) ကျပ် ရှိ၍ ယခုတစ်ပတ် ကာလတူအချိန်နှင့် နှိုင်းယှဉ် ပါက ဆန်ပြောင်းဖြူ ဈေးငြိမ်နေပြီး ၊ပြောင်းဖူးစေ့(စီပီ)ဈေးနှုန်း အနည်းငယ်မြင့်တက်လာရခြင်းမှာ ဒေသတွင်း မွေးမြူရေးလုပ်ငန်းများမှ အဝယ် လိုက်လာခြင်းကြောင့်ဖြစ်ပါသည်။

ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News